အမေရိကန်မှာ အကြမ်းဖက်တိုက်ခိုက်ခံရ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန် ပြည်ထောင်စုမှာ အကြမ်းဖက် တိုက်ခိုက်ခံရ

အမေရိကန်ပြည်ထောင်စုမှာတနင်္လာနေ့က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့အပြီးမှာ သမ္မတ ထရမ့်က နယ်စပ်ရေးရာ အရာရှိတွေကို အမေရိကန်ပြည်ထောင်စု ကိုပြည်ပက လာရောက်ကြတဲ့ သူတွေကို ပိုမို တင်းကြပ် မှုတွေ လုပ်သွားဖို့ အမိန့်ပေးလိုက်ပါတယ်။

မန်ဟက်တန်မှာ စက်ဘီးစီးသူတွေနဲ့ လမ်းလျှောက်နေသူတွေကို လူတယောက်က ထရပ်ကားနဲ့ ဝင်တိုက်ပစ်ခဲ့တာကြောင့် လူပေါင်း ၈ ဦးထက်မနည်း သေဆုံးပြီး၁၁ ဦးဒဏ်ရာရခဲ့ပါတယ်။ ကားမောင်းလာသူကို ရဲက ပစ်ခဲ့လို့ ဒဏ်ရာရသွားပြီး အခုရဲက ထိန်းသိမ်းထားပါတယ်။

ဦးဘမော်က ပြောပြမှာပါ။