ပိတ်ပစ်ခံရနိုင်တဲ့ ယူကရိန်း မိဘမဲ့ ဂေဟာများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပိတ်ပစ်ခံရနိုင်တဲ့ ယူကရိန်း မိဘမဲ့ ဂေဟာများ

ယူကရိန်းနိုင်ငံထဲ က မိဘမဲ့ ဂေဟာတွေ မှာရှိတဲ့ ကလေးအရေအတွက်က ၁သိန်းကျော် တောင်ရှိနေပါပြီ။ ဒီအရေ အတွက် ဟာ ဥရောပမှာ အမြင့်ဆုံးအရေ အတွက် ဖြစ်ပါ တယ်။ အဲဒီကလေးတွေထဲက သုံးပုံတပုံက မသန်စွမ်းကလေးတွေ ပါ။ ဒီကလေး အများစုဟာ ဆယ်စုနှစ် နဲ့ ချီ ဆိုးရွားတဲ့ အနေအထားမှာ နေထိုင်နေရပြီး၊ တချို့ဆို အရွယ်တောင်ရောက် နေကြပါပြီ။ မိဘတွေကိုလည်း သူတို့ ကလေးတွေကို အဲဒီဂေဟာတွေကို ပို့ ဖို့ အရင်က အားပေးမှု တွေ ရှိခဲ့ပေမယ့် အခုတော့ ကလေးတွေ ဘဝတိုးတက်လာဖို့ အစိုးရက အဲဒီဂေဟာတွေကို ပိတ်ပစ်ဖို့ ကြိုးစာနေပါတယ်။

ဒီသတင်းပေးပို့ချက်ထဲမှာ စိတ် မချမ်းမြေ့စရာ ရုပ်ပုံတွေပါနိုင်တယ်ဆိုတာ ကြိုတင်သတိပေးပရစေ။ မစန္ဒာက ပြောပြမှာပါ။