အကြမ်းဖက်သူကို သေဒဏ်ပေးသင့်တယ်လို့ ထရမ့်ဆို

အကြမ်းဖက်သူကို သေဒဏ်ပေးသင့်တယ်လို့ ထရမ့်ဆို

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ လမ်းသွားလမ်းလာတွေကို ထရပ်ကားနဲ့ ဝင်တိုက်ခဲ့တဲ့သူကို သေဒဏ်အပြစ်ပေးဖို့ သမ္မတ ထရမ့် က တောင်းဆိုလိုက်ပါတယ်။ ထရပ်ကားနဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ လူ ၈ ဦး သေဆုံးခဲ့ရတာပါ။ ဥဇဘက်ကစ္စတန်က ရွေ့ပြောင်းအခြေချသူ အသက် ၂၉ နှစ်အရွယ် ဆိုင်ဖူလို ဆာအိပေါ့ဗ်ကို ဒီနေ့ တရားရုံးထုတ်ခဲ့ပါတယ်။ သူဟာ အိုက်အက်စ် စစ်သွေးကြွတွေရဲ့ ဗီဒီယိုကို ကြည့်ပြီး ဒီလို လုပ်ဆောင်တာလို့ ဆိုပါတယ်။ မသီဒါနွယ်က ပြောပြထားပါတယ်။