ဖိုးသော်ပြောတဲ့ သိုင်းပေါင်းစုံ လက်ဝှေ့သမားတစ်ဦးအကြောင်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဖိုးသော်ပြောတဲ့ သိုင်းပေါင်းစုံ လက်ဝှေ့သမားတစ်ဦးအကြောင်း

MMA သိုင်းပေါင်းစုံ လက်ဝှေ့နဲ့ နပန်း အားကစားသမား ဖိုးသော် (အမည်ရင်း သော်ထူးနိုင်) ဟာ MMA ပြိုင်ပွဲ ၅ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ ကစားထားသူတစ်ဦး ဖြစ်သလို ရိုးရာလက်ဝှေ့ ကြိုးဝိုင်းထဲမှာလည်း အလဲထိုး အနိုင်ယူမှုတွေနဲ့ နာမည်ကျော်သူ ဖြစ်ပါတယ်။ ရန်ကုန် သုဝဏ္ဏကွင်းမှာ အောင်လအန်ဆန် နိုင်ပွဲရတဲ့ One Championship ရဲ့ Hero's Dream ပြိုင်ပွဲမှာလည်း ဖိုးသော်ဟာ ဖယ်သာဝိတ်တန်းမှာ စောဘဦးနဲ့ ယှဉ်ပြိုင် ထိုးသတ်ပြီး အနိုင်ရခဲ့ပါတယ်။ မြန်မာပြည်မှာ လူသိများလာတဲ့ အခုလို MMA သိုင်းပေါင်းစုံ လက်ဝှေ့အားကစားကို ဖိုးသော်အနေနဲ့ ဘယ်လို စ ကစားဖြစ်လဲဆိုတာ ဖိုးသော်က ပြောပြထားပါတယ်။ ဘီဘီစီသတင်းထောက် မစိုးစိုးထွန်းက မေးမြန်း ရိုက်ကူးထားပါတယ်။