သမ္မတ ထရမ့် အာရှခရီးစဉ် စဖို့ပြင်ဆင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သမ္မတ ထရမ့် အာရှခရီးစဉ် စဖို့ပြင်ဆင်

အမေရိကန်သမ္မတ ထရမ့် ဟာ သူ့ သမ္မတ သက်တမ်းအတွင်း ပထမ ဆုံး အာရှ ခရီးစဉ်ကို ထွက်ခွာဖို့အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။ သူဟာ ဟာဝိုင်အီမှာ ခရီးတထောက် နားပြီး ဂျပန်ကိုတနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက်ပိုင်းမှာ ရောက်ရှိလာမှာဖြစ်ပါတယ်။

အဲဒီကနေတဆင့် တောင်ကိုရီးယား ကို ဆက်သွားမှာဖြစ်ပြီး အဲဒီ နောက်မှာ ဘေကျင်း ကို ခရီးဆက်မှာပါ။ ပြီးရင် သူဟာ ဗီယက်နမ်ကို သွားမှာဖြစ်ပြီး အဲဒီကနေမှ ဖိလစ်ပိုင်ကို သွားပြီး သူ့ခရီးစဉ်ကို အဆုံးသတ်မှာဖြစ်ပါတယ်။ အဲဒီ ခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယား ရဲ့နျူကလီးယား အစီအစဉ်တွေကြောင့် စစ်ရေး ရင်ဆိုင်မှုတွေ ဖြစ်လာမလား ဆိုတဲ့ ကိစ္စတွေကပဲ လွှမ်းမိုးနေနိုင်ပါတယ်။

ဒါပေမယ့် ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က ဘေကျင်းနဲ့ ယှဉ်ပြိုင်နေရတဲ့ အာရှဒေသမှာ ဩဇာ လွှမ်းရေးပဲ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ကယ်ရီ ဂရေစီရဲ့ သတင်းကို အခြေခံပြီး မရီရီအောင် က ပြောပြမှာပါ။