သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တက္ကဆက်သေနတ်သမား လေတပ်ဖွဲ့ဝင်ဟောင်းဖြစ်

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်အတွင်းက နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းအတွင်း လူ ပေါင်း ၂၆ ဦးကိုသတ်ခဲ့သူ သေနတ်သမားနဲ့ပတ်သက်လို့ ပိုပြီး သိနိုင်ဖို့အတွက် ရဲတွေက ကြိုးစားဖော်ထုတ်နေကြပါတယ်။ လတ်တလော မှာတော့ သူ့ကို ဒေးဗစ်ကယ်လီလို့ခေါ်ပြီး စစ်ပြန်တဦးလည်း ဖြစ်ပါတယ်။ အမေရိကန် လေတပ်ကနေလွန်ခဲ့တဲ့ ၃ နှစ်က သူ့ရဲ့အပြုအမူ မကောင်းတာတွေကြောင့် အထုတ်ခံခဲ့ရပါတယ်။ သူ့ကို အဲဒီ အခင်းဖြစ်ပွားခဲ့တဲ့ နေရာကနေ ထွက်ပြေးသွားခဲ့အပြီး သူ့ကားထဲမှာ သေနေတာကို တွေ့ခဲ့ရတာပါ။ ကိုမင်းထက်က ပြောပြမှာပါ။