သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

၂၀၁၅ ရွေးကောက်ပွဲ ၂ နှစ်ပြည့် အထူးအစီအစဉ်

လွန်ခဲ့တဲ့ ၂ နှစ် ဒီလို အချိန်က မြန်မာနိုင်ငံတစ်ဝန်းမှာ ပါတီနိုင်ငံရေးလှုပ်ရှားမှုတွေနဲ့အတူ လူတွေရဲ့ နိုင်ငံရေးမျှော်လင့်ချက်တွေ အထူးမြင့်မားခဲ့ပါတယ်။ ဘီဘီစီပရိသတ်တွေလည်း အဲဒီအချိန်ကို မှတ်မိကြမှာပါ။ ဟုတ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကြီး ကျင်းပခဲ့တာ ဒီတစ်ပတ်အတွင်းမှာ ၂ နှစ် ပြည့်ပါပြီ။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ၂ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် ဘီဘီစီမြန်မာပိုင်းကနေ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အစီအစဉ်တွေကို ဒီတစ်ပတ်လုံး ထည့်သွင်း တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အဲဒီထဲက တစ်ခုကတော့ ရွေးကောက်ပွဲမှာ မဲပေးခဲ့သူ တချို့ဆီ သွားပြီး သူတို့ဘဝ ဘာတွေ ပြောင်းလဲလာခဲ့ပြီလဲဆိုတာ မေးကြည့်ပါတယ်။ ပထမဆုံးတော့ ရန်ကုန်လှိုင်သာယာက ဆိုက်ကားဆရာ ကိုမင်းသိန်းစိုး ပြောပြာထားတာကို ရှုစားရအောင်ပါ။