သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ချမ်းသာပြီး ဩဇာကြီးသူတွေ အခွန်ရှောင်မှု ပေါက်ကြား

ကမ္ဘာ့အချမ်းသာဆုံး နဲ့ ဩဇာအာဏာအရှိဆုံးလူတချို့ရဲ့ အခွန် ရှောင်နိုင်ဖို့ လုပ်ထားတဲ့ ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေနဲ့ပတ်သက်တဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေ ပေါက်ကြား လာပါတယ်။ ပြည်ပ မှာ ရင်းနှီးမြှုပ်နှံမှုတွေ အထူး ပြုလုပ်ပေးတဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့တခုဆီက သန်းပေါင်း များစွာသော စာရွက်စာတမ်းတွေထဲမှာ လူတွေနဲ့ကုမ္ပဏီတွေ အတွက် ကမ္ဘာတလွှားက အခွန်ရှောင်နိုင်မယ့် နေရာတွေမှာ စီစဉ်ပေးထားတာတွေကို အသေးစိတ် ဖော်ပြထားပါတယ်။

ဒီစာရွက်တွေကို ပါရာဒိုက်စ် ပေပါးစ် လို့ခေါ်ထားပြီး ဂျာမန် သတင်းစာ Su-deutsche Zeitung နဲ့ ဘီဘီစီရဲ့ ပန်နိုရားမား အစီအစဉ်ပါဝင်တဲ့ စုံစမ်းဖော်ထုတ်ရေး နိုင်ငံတကာ သတင်းသမားများအဖွဲ့တို့က ရရှိခဲ့တာဖြစ်ပါတယ်။

ကိုကျော်ဇေယျက ပြောပြမှာပါ။