အက်ပဲလ် နဲ့ အခွန်ပြဿနာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အက်ပဲလ် နဲ့ အခွန်ပြဿနာ

Paradise Papers လို့ခေါ်ကြတဲ့ လူတချို့နဲ့ အဖွဲ့အစည်းတချို့ အခွန်ရှောင်ထားတဲ့ အချက်အလက်တွေကို ဖော်ပြထားတဲ့ သန်းနဲ့ချီတဲ့ စာရွက်စာတမ်းတွေ အရ နည်းပညာ ကုမ္ပဏီကြီး အက်ပဲလ်ဟာ ဂျာဆီကျွန်းမှာ သူ့ရဲ့ အခွန်မပေးရတဲ့ အရန်ငွေတွေကို အပ်နှံထားပါတယ်။ အစက အိုင်ယာလန်မှာ ထားခဲ့ပေမယ့် အဲဒီမှာ အခွန်ကင်းလွတ်ခွင့် မလွယ်တော့တဲ့အတွက် ဂျာဆီကျွန်းကို ရွှေ့ခဲ့တာပါ။ ဒါဟာ တရားဥပဒေနဲ့မညီဘူးလို့ ပြောလို့တော့ မရပါဘူး။ ဒါပေမယ့် သူ့ရဲ့အခွန်နဲ့ပတ်သက်လို့ဆောင်ရွက်ပုံတွေကို အီးယူနဲ့ အမေရိကန် အရာရှိတွေက ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ Paradise Papers ကို ဂျာမန် သတင်းစာ နဲ့ ဘီဘီစီရဲ့ ပန်နိုရားမား အစီအစဉ်တွေပါတဲ့ စုံစမ်းဖော်ထုတ်ရေး နိုင်ငံတကာ သတင်းသမား များအဖွဲ့တို့က ရရှိခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်း ဘီဘီစီ စီးပွားရေး အယ်ဒီတာဆိုင်မွန်ဂျက် တင်ဆက်ထားတာကို ဦးဘမော်က ပြန်ပြောထားပါတယ်။