ပျောက်ကွယ်သွားမှာ စိုးရိမ်ရတဲ့ မျောက်မျိုးစိတ်သစ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပျောက်ကွယ်သွားမှာ စိုးရိမ်ရတဲ့ မျောက်မျိုးစိတ်သစ်

မကြာခင်က တွေ့ခဲ့ရတဲ့အိုရန်းဂူတန်း မျောက်မျိုးစိတ်အသစ်ဟာ နှစ်ပေါင်း ၁၀၀ လောက်အတွင်း ပထမဆုံး တွေ့ခဲ့ရတဲ့ မျိုးစိတ်သစ် တခုလည်းဖြစ်ပါတယ်။ လစ်ဗာပူးလ် ဂျွန်မော တက္ကသိုလ်က သိပ္ပံပညာရှင်တွေ အပါအဝင် နိုင်ငံတကာက သုတေသီတွေ က မျိုးဗီဇ ခွဲခြမ်း လေ့လာ ခြင်းတွေကို သုံးပြီး စစ်ဆေး ခဲ့အပြီးမှာ အတည်ပြု ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီ နောက်ဆုံး တွေ့ခဲ့ရတဲ့ တာပန်နျူလီ အိုရန်းဂူတန်းတွေဟာ ကောင်ရေ ၈၀၀ လောက်ပဲ ကျန်တော့တာမို့ မျိုးသုဉ်းလု ဖြစ်နေတဲ့ စာရင်းထဲကိုလည်း တန်း ဝင် သွားခဲ့ပါတယ်။ မရီရီအောင်က ပြောပြမှာပါ။