ရွေးကောက်ပွဲ ၂ နှစ်ပြည့် အသံများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရွေးကောက်ပွဲ ၂ နှစ်ပြည့် အသံများ

၂၀၁၅ ရွေးကောက်ပွဲကြီး ကျင်းပခဲ့တာ ဒီတစ်ပတ်အတွင်းမှာ ၂ နှစ် ပြည့်ခဲ့ပါပြီ။ နိုဝင်ဘာ ၈ ရွေးကောက်ပွဲ ၂ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် ဘီဘီစီမြန်မာပိုင်းကနေ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အစီအစဉ်တွေကို ဒီတစ်ပတ်လုံး ထည့်သွင်း တင်ဆက်ပေးနေပါတယ်။ အဲဒီထဲက တစ်ခုကတော့ ရွေးကောက်ပွဲမှာ မဲပေးခဲ့သူ တချို့ဆီ သွားပြီး ဒီ ၂နှစ်တာကာလ အတွင်း သူတို့ အတွက် ဘာတွေ ပြောင်းလဲတာ မြင်တွေ့ခဲ့ရသလဲလို့ မေးကြည့်ပါတယ်။ မန္တလေးမြို့က မန္တလေးကုန်စည်ဒိုင်အသင်းကြီးရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်သွင်ကတော့ အိန္ဒိယက ပဲတင်သွင်းမှု ပိတ်ပင်ခဲ့ရလို့ ကုန်သည်နဲ့ တောင်သူတွေ ထိခိုက်မှုတွေရှိပေမယ့် တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ အရင်ကထက် လမ်းပန်းဆက်သွယ်မှုတွေ ပိုကောင်းလာပြီး ဖြေလျော့မှုတွေရှိလာတယ်လို့ ဆိုပါတယ်။ လိုအပ်ချက်တွေလည်း ရှိနေဆဲလို့ သူက ဆက်ပြောပါတယ်။