လက်ဘနွန် အကျပ်အတည်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လက်ဘနွန် အကျပ်အတည်း

လက်ဘနွန်နိုင်ငံမှာ ၀န်ကြီးချုပ် ဆတ် ဟာရီရီ နုတ်ထွက်သွားပြီးနောက် လက်ရှိအခြေအနေအပေါ် စိုးရိမ်မကင်းဖြစ်မိကြောင်း လက်ဘနွန်သမ္မတက ပြောပါတယ်။ စနေနေ့က နုတ်ထွက်ခဲ့တဲ့ ဝန်ကြီးချုပ်ကို ဆော်ဒီအာရေဗျက အိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတဲ့ ပုံစံမျိုး ဖြစ်တယ်လို့ လက်ဘနွန်အများအပြားက ယုံကြည်နေကြပါတယ်။ ဒီအခြေအနေဟာ ဒေသတွင်းမှာ ဆော်ဒီအာရေဗီးဗျနဲ့ အီရန်တို့က သြဇာလွှမ်းမိုးမှု ပိုရဖို့ အပြိုင်ကြိုးပမ်းမှုကကြောင့် ဒေသတွင်း မတည်မငြိမ်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီအတော်အတွင်းမှာပဲ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းကလည်း ဆော်ဒီကို ရုတ်တရက် ရောက်ရှိလာပါတယ်။ ဒီအကြောင်း ကိုအောင်သွင်က ပြောပြထားပါတယ်။