ဂျပန်က ကိုးရီးယားကျောင်းများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂျပန်က ကိုးရီးယားကျောင်းများ

မြောက်ကိုးရီးယားအစိုးရကို အားပေးထောက်ခံတယ်လို့ ဆိုတဲ့ ဂျပန်က ကျောင်းတွေမှာ ကိုးရီးယားလူမျိုးတွေ ကျောင်းတက်နေကြပါတယ်။ တကယ်ပဲ ဒီကျောင်းတွေက မြောက်ကိုးရီးယားနဲ့ ပုံမှန် ဆက်သွယ်မှုတွေ ရှိနေပါတယ်။ ဂျပန်နိုင်ငံမှာ ကိုးရီးယားလူမျိုး ၅ သိန်းလောက်ရှိပြီး အများစုက ဂျပန်ကနေ ကိုလိုနီ လုပ်ခဲ့ချိန် ၁၉၁၀ ခုနှစ် ကစလို့ ဒုတိယကမ္ဘာစစ်မှာ ဂျပန်စစ်ရှုံးလို့ နောက်ဆုတ်ပေးရတဲ့ ၁၉၄၅ ခုနှစ်အတွင်း ဂျပန်ကို ခေါ်လာခဲ့တဲ့ ကိုးရီးယားအရပ်သားတွေရဲ့ သားသမီး ဆွေမျိုးတွေ ဖြစ်ကြပါတယ်။ ဘီဘီစီကနေ အဲဒီစာသင်ကျောင်းတွေထဲက တစ်ခုကို သွားပြီး လေ့လာခဲ့ပါတယ်။ ဒီအကြောင်း ကိုကျော်ဇေယျက ပြန်ပြောပြထားပါတယ်။