ရက်ကာကနေ အိုင်အက်စ် ရာပေါင်းများစွာ ထွက်ခွာခွင့်ပေးခဲ့
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရက်ကာကနေ အိုင်အက်စ် ရာပေါင်းများစွာ ထွက်ခွာခွင့်ပေးခဲ့

အမေရိကန်ရဲ့ အကူအညီရထားတဲ့ ဆီးရီးယား ညွန့်ပေါင်းတပ်တွေက ရက်ကာမြို့ကို ပြန်သိမ်းနိုင်ခဲ့အပြီးမှာ အိုင်အက်စ်တွေရဲ့ ၃ နှစ်ကြာ အုပ်စိုးထားမှုလည်း ပြီးဆုံးခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီကနေ အိုင်အက်စ် တပ်ဖွဲ့ဝင် ရာပေါင်းများစွာ လွတ်ထွက်သွားခဲ့တာကို ဘီဘီစီက သိခဲ့ရပါတယ်။ ပြီးခဲ့တဲ့လက ရာကာမြို့ကို ပြန်ရခါနီးမှာ အသက်တွေ မဆုံးရှုံး ရစေဖို့ အပေးအယူ သဘောမျိုးနဲ့ ရာနဲ့ချီရှိတဲ့ အိုင်အက်စ် တပ်ဖွဲ့ဝင်တွေပါတဲ့ ယာဉ်တန်း ဟာ

အတားအဆီး မဲ့ ရက်ကာမြို့ကနေ ခွာထွက်သွားနိုင်ခဲ့ပါတယ်။ အခု အဲဒီ လူတွေ ဘယ်မှာလည်း ဆိုတာလည်း ဘယ်သူမှမသိကြပါဘူး။

ကိုအောင်သွင်က ပြောပြမှာပါ။