သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တောင်အာဖရိကဝန်ကြီးတွေ ဇင်ဘာဘွေရောက်

တောင်အာဖရိက နိုင်ငံက ဝန်ကြီးတွေ ဇင်ဘာဘွေသမ္မတ ရော်ဘတ်မူဂါဘီနဲ့ သမ္မတကို အိမ်အကျယ်ချုပ် ချထားတဲ့ စစ်တပ်မှူးတွေနဲ့ရောတွေ့ဖို့ ဇင်ဘာဘွေ နိုင်ငံကို ရောက်နေကြပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က စစ်တပ်က တိုင်းပြည်ကို ထိန်းချုပ် ထားခဲ့တာဖြစ်ပြီး ဒါဟာ မစ္စတာမူဂါဘီရဲ့ဇနီးဂရေ့စ် အာဏာမရနိုင်ဖို့ တားဆီးဖို့ လုပ်တာလည်းဖြစ်ပါတယ်။

လေ့လာသုံးသပ်သူ တချို့ကတော့ တာဝန်က ဖယ်ရှားခံခဲ့ရတဲ့ အရင် ဒုတိယ သမ္မတ ဖြစ်သူ အမ်အာဆင် မန်နန်ဂါဝါ သမ္မတ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။ ကိုကျော်ဇေယျက ပြောပြမှာပါ။