သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တိုကျိုအိုလံပစ် ပြိုင်ဖို့ ကြိုးစားနေတဲ့ ဆီးရီးယား ရေကူးမယ်

ပြီးခဲ့တဲ့ ၂၀၁၆ ရီယို အိုလံပစ်မှာ ယူဆရာမာဒီနီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ဘာဆုမှ မရခဲ့ပါဘူး။ ဒါပေမယ့် သူ့ ယှဉ်ပြိုင်မှုကတော့ မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ သူဟာ ဆီးရီးယားကနေ ခက်ခဲကြမ်းတမ်းတဲ့ လမ်းကို ဖြတ်ပြီး ဘဝသစ်စဖို့ ပြေးခဲ့ရတဲ့ ဒုက္ခသည် တယောက် ဖြစ်ပြီး အဲဒီ လို ပြေးခဲ့ပြီး တနှစ်တောင် မကြာသေးခင်မှာဘဲ အခုလို ဝင်ရောက် ယှဉ်ပြိုင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူနဲ့ သူ့ ညီမတို့ဟာ ဂရိကို လှေနဲ့ ပြေးလာကြသူတွေကို ကမ်းခြေရောက်တဲ့ အထိ ဆွဲ ယူပေးနိုင်ခဲ့ကြပါတယ်။ သူတို့ ရဲ့ ဖြတ်သန်းမှုတွေနဲ့ပတ်သက်လို့ ရုပ်ရှင် ရိုက်ကူး နေပြီလည်း ဖြစ်ပါတယ်။ ယူဆရာ မာဒီနီကတော့ သူတို့လို ဒုက္ခသည်တွေ လာမယ့် ၂၀၂၀ တိုကျို အိုလံပစ်မှာ ဝင်ပြိုင်ခွင့်ရဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ကိုသက်ထွေးနိုင်က ပြောပြမှာပါ။