ယီမင်ကို မပိတ်ဆို့ဘူးလို့ ဆော်ဒီပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယီမင်ကို မပိတ်ဆို့ဘူးလို့ ဆော်ဒီပြော

ယီမင်နိုင်ငံအတွင်း လူသန်းနဲ့ချီပြီး စားနပ်ရိက္ခာ ရှားပါးမှုတွေနဲ့ရင်ဆိုင်ရအောင် ပိတ်ဆို့မှုတွေလုပ်ထားတယ်ဆိုတာမဟုတ်ကြောင်း ဆော်ဒီအာရေဗျက ငြင်းဆိုလိုက်ပါတယ်။ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီးက ဘီဘီစီနဲ့တွေ့ဆုံခဲ့ရာမှာ လတ်တလောကြုံနေရတဲ့

ပြဿနာတွေနဲ့ပတ်သက်လို့ ယီမင်ထဲက သူပုန်အဖွဲ့တွေကိုသာ အပြစ်တင်ရမှာလို့ဆိုပါတယ်။ ကုလသမဂ္ဂကတော့ ကူညီကယ်ဆယ်ရေး တွေကို ပေးမဝင်ဘူးဆိုရင် ကလေးတွေအပါအဝင်လူထောင်ပေါင်းများစွာအသက်ဆုံးရှုံး ရနိုင်တယ်လို့ ပြောပါတယ်။ BBC သတင်းထောက် လဇ်ဂျူးဆက်ရဲ့ သတင်းလွှာကို မရီရီအောင်က ပြန်ပြောပြမှာပါ။