ဗြိတိသျှ ဘုရင်မကြီးနဲ့ ကြင်ယာတော် အိမ်ထောင်သက် နှစ် ၇၀ ပြည့်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗြိတိသျှ ဘုရင်မကြီးနဲ့ ကြင်ယာတော် အိမ်ထောင်သက် နှစ် ၇၀ ပြည့်

ဗြိတိန်မှာတော့ ၂၀၁၇ နို၀င်ဘာလ ၂၀ ရက် နေ့ ဟာ အဲလ်လစ်ဇဘက်သ် ဘုရင်မကြီးနဲ့ကြင်ယာတော် ဖိလစ်မင်းသားကြီးတို့ရဲ့ အနှစ် ၇၀ မြောက် မင်္ဂလာနှစ်ပတ်လည် ဖြစ်ပါတယ်။ ဒါဟာ တော်ဝင်မိသားစုတွေထဲမှာ သမိုင်းတလျှောက် အကြာရှည်ဆုံးသော အိမ်ထောင်သက်လည်း ဖြစ်ပါတယ်။ ဒီနေ့ ညနေပိုင်းမှာအဲလ်လစ်ဇဘက်သ် ဘုရင်မကြီးနဲ့ကြင်ယာတော် ဖိလစ်မင်းသားကြီးတို့ဟာ ၀င်ဆာ ရဲတိုက်ကြီးမှာ မိသားစုဝင်တွေ မိတ်ဆွေတွေနဲ့ ဒီအထိမ်းအမှတ်ပွဲ ကျင်းပကြဖို့ စီစဉ်ထားကြပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။