ရခိုင်ပြည်နယ်တွင်းက ဟိန္ဒူဘာသာဝင်တွေနဲ့ ဘီဘီစီ သတင်းထောက် တွေ့ဆုံ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရခိုင်ပြည်နယ်တွင်းက ဟိန္ဒူဘာသာဝင်တွေနဲ့ ဘီဘီစီ သတင်းထောက် တွေ့ဆုံ

ရခိုင်မြောက်ပိုင်းမှာ လူမျိုးရေး ရှင်းလင်းမှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာအစိုးရဘက်က ပယ်ချထားပါတယ်။ နောက်ပြီး အဲဒီဒေသတွင်းက ဟိန္ဒူတွေကို မွတ်ဆလင် စစ်သွေးကြွတွေက သတ်ဖြတ်ခဲ့မှုတွေ ရှိတာကြောင့် တပ်မတော်က ကာကွယ်မှုတွေ ပေးခဲ့ရတယ်လို့ ပြောထားပါတယ်။ ဘီဘီစီ က နစ်တင် ဆရီ ဗာ့စ်တဗာဟာ ရခိုင်ပြည်နယ်တွင်းကိုဝင်ရောက်သတင်းယူခွင့်ရခဲ့ပြီး စစ်တွေမှာ လာရောက် ခိုလှုံနေရတဲ့ ဟိန္ဒူဘာသာဝင်တွေနဲ့လည်း တွေ့ခဲ့ရပါတယ်။ သူတို့ကတော့ နိုင်ငံတော်နဲ့ စစ်သွေးကြွတွေ အကြားကြားညပ်ခဲ့ရတယ်လို့ ပြောပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့စက်တင်ဘာလ အတွင်း က ဟိန္ဒူ ဘာသာဝင် အများအပြား သတ်ဖြတ်ပြီး မြှုပ်နှံထားခဲ့တာကို တွေ့ရှိခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း စုံစမ်း နိုင်ခဲ့ပါတယ်။ ဒီသတင်း ကို ကိုကျော်ဇေယျ က ပြန်ပြောပြထားပါတယ်။