မဲန်နပ်စ်ကျွန်းပေါ်က ခိုလှုံခွင့်တောင်းသူတွေကို ဖယ်ရှား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မဲန်နပ်စ်ကျွန်းပေါ်က ခိုလှုံခွင့်တောင်းသူတွေကို ဖယ်ရှား

ပစိဖိတ် သမုဒ္ဒရာထဲမှာ ရှိတဲ့ မဲန်နပ်စ် ကျွန်းဟာ သြစတြေးလျနိုင်ငံကနေ တရားမဝင် ရွေ့ပြောင်းလာသူတွေအဖြစ် သတ်မှတ်ထားသူတွေကို ထိန်းသိမ်းထားတဲ့နေရာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ အငြင်းပွားဖွယ်ရာ ဖြစ်နေပြီး ပြီးခဲ့တဲ့ လကတော့ ဒီက ထိန်းသိမ်းရေးစခန်းကို ပိတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီစခန်းမှာ လူ ရာဂဏန်း ရှိနေသေးပြီး ထိန်းသိမ်းထားတဲ့ အခြေအနေတွေက ပိုဆိုးနိုင်တယ်လို့ ယူဆကြပါတယ်။ အခုတော့ ပါပွာနယူးဂီနီ ရဲတွေက စခန်းထဲကို ဝင်ပြီး ဒုက္ခသည်တွေကို နှင်ထုတ်ဖို့ လုပ်နေပါတယ်။ ဒုက္ခသည်တွေကလည်း ပြောင်းရွှေ့ဖို့ ငြင်းဆန်နေပါတယ်။ ဒီအကြောင်း ကိုသိမ်းမြတ်က ပြောပြမှာပါ။