တရားရုံးတွင်း အဆိပ်သောက်သေဆုံးမှု ဆက်စုံစမ်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရားရုံးတွင်း အဆိပ်သောက်သေဆုံးမှု ဆက်စုံစမ်း

အရင် ဘော့စနီးယား ခရိုအေးရှား ဗိုလ်ချုပ်ကြီးတစ်ဦးဟာ နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ ကြားနာနေစဉ်အတွင်း အဆိပ်သောက်ပြီး သေဆုံးခဲ့တာနဲ့ပတ်သက်လို့ ဘာကြောင့် သူဒီလို လုပ်နိုင်ခဲ့သလဲဆိုတာကို စုံစမ်းနေကြပါတယ်။ ဗိုလ်ချုပ်ကြီး ဆလိုဘိုဒန် ပရာယတ်ဟာ ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသူဖြစ်ပါတယ်။ ဒီပြစ်ဒဏ်ကို အယူခံဝင်နေစဉ် တရားရုံးက ဒီပြစ်ဒဏ်ကို ပြန်လည်အတည်ပြုပေးပြီးနောက် သူဟာ တရားရုံးအတွင်း အဆိပ်ရည်ကို သောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်း ဘီဘီစီသတင်းထောက် ဂျယ်ရမီ ဘိုဝမ်ရဲ့ သတင်းလွှာကို ကြည့်ရအောင်ပါ။