အနှစ် ၂၀ ကာလအတွင်း ကမ္ဘာမြေ ပြောင်းလဲမှု အာကာသကနေ ကြည့်ရင် ဘာမြင်ရလဲ

အနှစ် ၂၀ ကာလအတွင်း ကမ္ဘာမြေ ပြောင်းလဲမှု အာကာသကနေ ကြည့်ရင် ဘာမြင်ရလဲ

ပြီးခဲ့တဲ့ အနှစ် ၂၀ လုံး အမေရိကန် အာကာသ အေဂျင်စီ (နာဆာ) ဟာ ကမ္ဘာမြေပေါ်က သက်ရှိတွေကို ပုံရိပ်မှတ်တမ်းတွေ ယူနေခဲ့ပါတယ်။ အဲဒီပုံရိပ်တွေကို အချိန်ဆွဲချုံ့ပြီး ကြည့်လိုက်တဲ့အခါ မြင်ရတဲ့ အခြေအနေကရာသီဥတု ပြောင်းလဲမှုနဲ့ တခြားဂြိုဟ်တွေပေါ်က သက်ရှိတွေကို ရှာဖွေနေမှုအတွက် အထောက်အကူ ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ နာဆာရဲ့ Goddard Space Flight Center ကို ဘီဘီစီက သွားလေ့လာထားပါတယ်။ ဒီအကြောင်း ကိုရင်မောင်က ပြောပြမှာပါ။