ပြန်လည်အသက်ဝင်လာတဲ့ လိမ္မော်ရောင်ကောလိပ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပြန်လည်အသက်ဝင်လာတဲ့ လိမ္မော်ရောင်ကောလိပ်

၁၉၉၆ ခုနှစ် နောက်ပိုင်းကတည်းက ပိတ်ထားခဲ့တဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ (RC-2) ဟာ ဒီဇင်ဘာ ပထမ ပတ်ထဲမှာပဲ ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ တက္ကသိုလ်တွေကို မြို့ပြင်ထုတ်ပြီး တကွဲတပြား ဖြစ်စေခဲ့တဲ့ နဝတ-နအဖ စစ်အစိုးရ ခေတ်စနစ် တလျှောက် ခြောက်ခြောက်ကပ်ကပ် ဖြစ်ခဲ့ရတဲ့ လှိုင်နယ်မြေဟာ အခုဆိုရင် ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာ၊ သိပ္ပံ ပထမနှစ် ကျောင်းသူကျောင်းသား အယောက် ၁၀၀၀ လောက်နဲ့ ပြန်လည် လှုပ်ရှား သက်ဝင်လာပါပြီ။

လိမ္မော်ရောင်ကောလိပ်ဆိုပြီး ကျောင်းသားဟောင်းတွေက တင်စားခေါ်တွင် တကျော့ပြန်လာခဲ့တဲ့ လှိုင်နယ်မြေ တက္ကသိုလ်ထဲကို ဘီဘီစီ သတင်းထောက် ကိုငြိမ်းချမ်းအေးက သွားရောက်ပြီး ကျောင်းသားဟောင်း၊ ကျောင်းသားသစ်တချို့နဲ့ တွေ့ဆုံ တင်ဆက်ထားတဲ့ ရုပ်သံကို ရှုစားနိုင်ပါပြီ။