ဂျေရုဆလင်ကို မြို့တော်အဖြစ် အသိအမှတ်ပြုမှာကို ဆန္ဒပြကြ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုဆလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုမယ်လို့ ဆုံးဖြတ်ခဲ့တဲ့နောက်မှာပါလက်စတိုင်း လက်နက်ကိုင် ဟားမတ်စ် အဖွဲ့ခေါင်းဆောင်က ပုန်ကန် မှု တခု စဖို့အတွက် ပြောလိုက်ပါတယ်။

ဂျေရုဆလင်မြို့နဲ့ဘက်သလီဟမ်မှာလည်း ဒီနေ့ အစ္စရေးလုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပါလက်စတိုင်းတွေအကြား ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ကြ ပြီးရဲက မျက်ရည်ယို ဗုံးတွေသုံးခဲ့ရ ပါတယ်။

အမေရိကန်ရဲ့ ကြေညာချက်ကို အာရပ်ခေါင်းဆောင်တွေကလည်း ပြစ်တင် ရှုတ်ချခဲ့ကြသလို ကမ္ဘာ့တခြားနေရာတွေမှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

ကိုကျော်ဇေယျက ပြောပြမှာပါ။