ကိပ်တောင်းမှာ ရေရှားပါး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကိပ်တောင်းမှာ ရေရှားပါး

တောင်အာဖရိက နိုင်ငံက ကိပ်တောင်းမြို့ဟာ ကမ္ဘာ့လှည့်ခရီးသွားတွေ အလာများတဲ့ မြို့တမြို့ဖြစ်ပါတယ်။ ရှုခင်းတွေကလည်း လှပသလို သာယာလှပတဲ့ ကမ်းခြေတွေလည်း ရှိပါတယ်။ နောက်ပြီး အဆင့်မြင့် ဟိုတယ်ကြီးတွေနဲ့ အတူ ည ဘက် မှာလည်း သွားလာစရာ တွေနဲ့စည်ကားနေတတ်တာပါ။ ဒါပေမယ့် ပြဿနာတခုကတော့ အဲဒီမှာ ရေရှားလာနေတာပါ။

မိုးခေါင်တာကြောင့် ရေသုံးစွဲမှုတွေကိုကန့်သတ်နေရပြီဖြစ်ပြီး ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် လာမယ့်နှစ်မေလမှာ သုံးဖို့ရေတောင် ကျန်ချင်မှ ကျန်တော့မယ့် အခြေအနေကိုရောက်လာမယ်လို့ ဆိုပါတယ်။ ကိုဘိုဘိုကပြောပြမှာပါ။