ယုံကြည်မှုကြောင့် တိုက်ခိုက်ခံရတဲ့ လူနည်းစု ဟာဇာရာများ

ယုံကြည်မှုကြောင့် တိုက်ခိုက်ခံရတဲ့ လူနည်းစု ဟာဇာရာများ

ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာ ပါကစ္စတန်နိုင်ငံက ကွက်တာမြို့မှာ ရှိတဲ့ ရှီယာမွတ်စလင် သက်ဝင်ယုံကြည် လူနည်းစု ဟာဇာရာတွေဟာ သူတို့ရဲ့ယုံကြည်မှုကြောင့် အစွန်းရောက်တွေရဲ့ပစ်မှတ်ထားခံရပြီး အသတ်ခံခဲ့ရသူ ရာနဲ့ချီ ရှိပါတယ်။

အဲဒါနဲ့ပတ်သက်လို့ အာဏာပိုင်တွေက ဟာဇာရာတွေ နေထိုင်တဲ့ခရိုင်တွေမှာကင်းစခန်းတွေ နဲ့လုံခြုံရေးတွေ ချပေးလိုက်ပါတယ်။

ဒါပေမယ့်လည်း အဲဒီထဲမှာနေထိုင်သူတချို့ကတော့ သူတို့တွေမှာ ကိုယ့်နေအိမ်ထဲကိုယ်ပြန် အကျဉ်းကျနေသလို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဦးဘမော်က ပြောပြမှာပါ။