အမေရိကန်တွေ လပေါ် ပြန်သွားဖို့ စီစဉ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန်တွေ လပေါ် ပြန်သွားဖို့ စီစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ နာဆာ ကို ၁၉၇၂ နောက်ပိုင်း ပထမဆုံး အကြိမ် လပေါ်ကို လူလွှတ်နိုင်ဖို့ စီစဉ်ကြဖို့ ပြောလိုက်ပါတယ်။ ဒီတခါမှာတော့ လမျက်နှာပြင်ပေါ်မှာ ကာလရှည် လေ့လာရေးတွေ လုပ်သွားဖို့အတွက် ရည်ရွယ်ထားပါတယ်။

သမ္မတ ထရမ့်က ဒီအစီအစဉ်ကနေ နောင်မှာ အင်္ဂါဂြိုဟ် လေ့လာရေး တွေ အတွက် ပါ အထောက်အကူ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။ ဘယ်နေ့ဘယ်အချိန်လောက် ဖြစ်ရမယ်လို့တော့ မပြောပါဘူး။ ဒီနှစ်အစောပိုင်း ကတော့ တရုတ်က လပေါ်ကို လူတွေ လွှတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောခဲ့ပါသေးတယ်။

ကိုကျော်ဇေယျက ပြောပြမှာပါ။