ရိုဟင်ဂျာမွတ်ဆလင် ၆ ထောင်ကျော် သေဆုံးတယ်လို့ MSF ပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရိုဟင်ဂျာမွတ်ဆလင် ၆ ထောင်ကျော် သေဆုံးတယ်လို့ MSF ပြော

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်တုန်းက ARSA အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ပြီးနောက် နောက်ဆက်တွဲ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ရိုဟင်ဂျာမွတ်ဆလင် ၆၇၀၀ လောက် သေဆုံးခဲ့တယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြလိုက်ပါတယ်။ ဒီအဖွဲ့ကနေပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည် ၆ သိန်းကျော်ထဲက လူ တစ်သောင်းကျော်နဲ့ မေးမြန်းပြီး စာရင်းပြုစုထားတာ ဖြစ်ပါတယ်။ မြန်မာအစိုးရတပ်မတော်ဘက်က သတင်းထုတ်ပြန်ချက်တွေမှာတော့ နယ်မြေရှင်းလင်းမှုတွေအတွင်း အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်သမား ၄၀၀ လောက် သေဆုံးတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘီဘီစီသတင်းထောက် ဂျွန်နသန်ဟက်က သတင်းပေးပို့ထားတာကို ဦးဘမော်က ပြန်ပြောပြထားပါတယ်။

ဆက်စပ် အကြောင်းအရာများ