ဩစတေးလျမှာ ကလေးသူငယ်တွေကို စော်ကားကျူးလွန်မှု အစီရင်ခံစာထွက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဩစတေးလျမှာ ကလေးသူငယ်တွေကို စော်ကားကျူးလွန်မှု အစီရင်ခံစာထွက်

ဩစတေးလျနိုင်ငံမှာ ကလေးသူငယ်တွေကိုလိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုတွေနဲ့ပတ်သက်လို့ ၅ နှစ်ကြာ လုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာ ထွက်လာခဲ့ပြီဖြစ်ပါတယ်။ အဲဒီထဲမှာ ဘာသာရေးအဖွဲ့တွေ၊ အားကစား အသင်းတွေ၊ မွေးစားခေါ်ယူတဲ့အိမ်တွေနဲ့စစ်တပ် စတဲ့ အဖွဲ့အစည်းပေါင်း ၄ ထောင်လောက်မှာ ဖြစ်ခဲ့တဲ့စော်ကားကျူးလွန်မှုတွေကို ဖော်ပြထားပါတယ်။

အဲဒီ စော်ကားခံခဲ့ရသူပေါင်း ၆ သောင်းလောက်ဟာနစ်နာကြေးတွေ ရရှိနိုင်မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကက်သလိပ်အသင်းတော်က အကြီးအကဲ တဦးကတော့ ဒီအစီရင်ခံစာထဲက တချို့အကြံပြုချက်တွေနဲ့ပတ်သက်လို့ သိပ်သဘောမတွေ့လှဘူးလို့ ပြောပါတယ်။ကိုသက်ထွေးနိုင်က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ