အမေရိကန်ရဲ့ လုံခြုံရေး နည်းဗျူဟာသစ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန်ရဲ့ လုံခြုံရေး နည်းဗျူဟာသစ်

အမေရိကန် သမ္မတ ထရမ့်က သူ့ရဲ့ နိုင်ငံတော် လုံခြုံရေး နည်းဗျူဟာသစ်ကို ချပြခဲ့ရာမှာ အမေရိကန်အနေနဲ့ရုရှားနဲ့ တရုတ်တို့ရဲ့ ပြိုင်ဆိုင်မှု ကာလသစ်တခုကို ရင်ဆိုင်နေရပြီလို့ ပြောကြားလိုက်ပါတယ်။ နောက်ပြီး မြောက်ကိုရီးယားနဲ့ အီရန်တို့လို နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ လည်း သတိပေးလိုက်ပါတယ်။ မော်စကိုနဲ့ဘေကျင်းကတော့ဒါဟာ စစ်အေးတိုက်ပွဲကာလက အမြင်မျိုးနဲ့ အမေရိကန်ရဲ့အကျိုးစီးပွားချဲ့ထွင်လိုတဲ့ အတွက်ပဲ ဖြစ်တယ်လို့ တုန့်ပြန်လိုက်ကြပါတယ်။

ဒါပေမယ့် တချို့ကိစ္စတွေမှာ ဝါရှင်တန်ဘက်က လိုလိုလားလား ပူးပေါင်း ဆောင်ရွက်လိုမှုတွေ ကိုတော့ကြိုဆိုလိုက်ပါတယ်။

သမ္မတ ထရမ့်က ပါကစ္စတန်ကိုလည်း အကြမ်းဖက် တိုက်ဖျက်ရေးတွေမှာ ပိုမို ကြိုးပမ်းမှု မရှိဘူးဆိုပြီးဝေဖန်လိုက်ပါတယ်။

ဦးဘမော်က ပြောပြမှာပါ။