နိုင်ဂျီးရီးယား ဆေးဝါးတု တိုက်ဖျက်ရေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိုင်ဂျီးရီးယား ဆေးဝါးတု တိုက်ဖျက်ရေး

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဒေါ်လာ၅၁ သန်းတန်ဘိုးရှိတဲ့ ဆေးဝါးတုတွေကို နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်က ဖမ်းဆီး ရမိခဲ့ပါတယ်။ နိုင်ငံပေါင်း၁၂၃ နိုင်ငံမှာ ဖမ်းမိခဲ့တာဖြစ်ပြီး အဲဒီထဲက ၂၆ နိုင်ငံဟာ အာဖရိက နိုင်ငံတွေဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း အာဖရိက တိုက်က တချို့နေရာတွေမှာ ရှိတဲ့ဆေးဝါးတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ အတုတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

နောက်ပြီး ဆေးဝါး ပစ္စည်းတွေမှာ ၁၀ ခုမှာ ၁ ခုဟာ အရည်အသွေးမမီတာ သော်၎င်း အတုသော်၎င်း ဖြစ်မယ်လို့ ဆိုပါတယ်။ နိုင်ဂျီးရီးယား နိုင်ငံမှာတော့ ဆေးဝါးဆိုင်ရာ အာဏာပိုင်တွေက ဒီပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားနေကြပါတယ်။

မရီရီအောင်က ပြောပြမှာပါ။