ဇနီးဖြစ်သူပြောပြတဲ့ ကိုဝလုံးအကြောင်း

"ညီမတို့ နှစ်ယောက်အတူတူနေတဲ့ အချိန်မှာတောင် အရေးကြီးသတင်းပေါ်လာရင် ညီမကိုတောင် ထားခဲ့ပြီး သတင်းသွားလိုက်တာ"။

နိုင်ငံတော်လျှို့ဝှက်မှု ဥပဒေနဲ့ အဖမ်းခံထားရတဲ့ ရိုက်တာသတင်းထောက်တွေထဲက တဦးဖြစ်သူ ကိုဝလုံးရဲ့ အကြောင်းကို ဇနီးသည် မပန်းအိမွန်က ဘီဘီစီကို အခုလို ပြောပြထားပါတယ်။