ရိုက်တာသတင်းထောက်နှစ်ယောက်ကို အမြန်ဆုံးလွတ်ပေးဖို့ မြန်မာပြည်ရောက် ရိုက်တာအကြီးအကဲ ပြော။
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရိုက်တာသတင်းထောက်နှစ်ယောက်ကို အမြန်ဆုံးလွတ်ပေးဖို့ မြန်မာပြည်ရောက် ရိုက်တာအကြီးအကဲ ပြော။

ဒီသတင်းထောက်နှစ်ယောက်ကိစ္စမှာ သူတို့ဘာမှတောင်မရေးရ သေးဘူး။ ဒါပေမယ့် သူတို့အဖမ်းခံရတယ်။ ဆိုတော့ သူတို့ဘာအမှားလုပ်ခဲ့တယ် ဆိုတာ ပြောရခက်ပါတယ်။ သူတို့နှစ်ယောက်ဟာ တကယ့်သတင်းထောက်စစ်စစ်တွေပါ။ သူတို့အမှားလုပ်တယ်လို့လည်း မထင်ဘူး။ သူတို့မှာ အပြစ်မရှိဘူးလို့ ထင်တယ်။ အခုချိန်မှာ သူတို့နဲ့ပတ်သက်ပြီး ဘာသတင်း အချက်အလက်မှ မရဘူး။ သူတို့ကို ဘယ်မှာ ထိန်းသိမ်းထားလဲ၊ သူတို့အခြေအနေ ကိုလည်း ကျနော်တို့မသိရဘူး။ သူတို့မိသားစုဝင်တွေက သူတို့ကို ဆက်သွယ်ဖို့ကြိုးစားပါတယ်။ သူတို့နှစ်ယောက်လုံးရဲ့ အမျိုးသမီးတွေလည်း သူတို့နဲ့ပတ်သက်ပြီး ဘာမှမသိရသေးဘူးလို့ ရက်ချွာ ပြောသွားတာပါ။

ဆက်စပ် အကြောင်းအရာများ