aa
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

နားဆင်နိုင်ပါပြီ။ ရှစ်လေးလုံး ကို ပါတီအမည် ပေးသင့်လား ဆိုတာ ဆွေးနွေးခဲ့

'ကျနော်တို့က ဦးကိုကိုကြီးကို လေးစားပါတယ်….ဒါပေမယ့်… ရှစ်လေးလုံး ဆိုတဲ့ နာမည်ကို ယူဖို့ ကျတော့……' (ကိုနေလင်းသိုက် - မန္တလေး)

'တကယ်လို့ နာမည်ပေးမယ် ဆိုရင် ဒါအများနဲ့ ပတ်သက်နေတဲ့ အတွက်ကြောင့် ဖိုရမ် တခု ဖွင့်လိုက်ဗျာ…..'(ကိုညို - နော်ဝေ)

'အခုပါတီထောင်ဖို့ ကြိုးစားတဲ့အခါမှာ…ရန်ကုန်ခေါင်းဆောင်တွေတင် မကပဲ… နယ်အသီးသီး ၈၈ တွေ တကယ်ဦးဆောင်ခဲ့တဲ့ သူတွေ အများကြီး ပါလာတယ်…'(ဦးကိုကိုကြီး)

'ရှစ်လေးလုံး ဆိုတာ ရဲဘော်တွေအားလုံးပါဝင် ပတ်သက်ခဲ့ကြတယ်…ဒါပေမယ့် ပါဝင်မှုနဲ့ ပိုင်ဆိုင်မှုကို ခွဲဖို့ လိုမယ်….' (နိုင်ကျဉ်းဟောင်း ဦးမင်းခိုင်)….

ပရိသတ်တွေ အနေနဲ့ ရော ဘယ်လို မြင်ပါလဲ…သဘောထား မှတ်ချက်တွေကို ကြိုဆို ပါတယ်……

မြန်မာ နိုင်ငံမှာ ၁၉၈၈ ခု ဩဂုတ်လ ၈ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ၈ လေးလုံး ဒီမိုကရေစီ အရေး လူထု အုံကြွမှုကြီး မှာ ထင်ရှားတဲ့ ကျောင်းသောင်း ခေါင်းဆောင် တချို့ ကနေ ရှစ်လေလုံးပါတီ ဆိုပြီး မှတ်ပုံတင် ခဲ့တာ ဖြစ်ပါတယ်။

အခုလို ပါတီနာမည် ပေးလိုက်တာဟာ ရှစ်လေးလုံးရဲ့ အစဉ် အလာနဲ့ အမွေအနှစ်တွေကို တစုတဖွဲ့က အပိုင်စီး လိုက်သလို ဖြစ်တယ်ဆိုပြီး ဝေဖန် အငြင်းပွားမှုတွေ အများအပြား ထွက်ပေါ်လာခဲ့ ပါတယ်။

သောတရှင်တို့ အနေနဲ့ ရော ဒီနာမည် အပေါ် ဘယ်လို မြင်ပါလဲ ဆိုတာ ဦးကိုကိုကြီး၊ ကိုညို တို့နဲ့ အတူ ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆွေးနွေး ခဲ့ကြတာပါ။

ကိုသက်ထွေးနိုင် စီစဉ် တင်ဆက်ထားပါတယ်။

#လွတ်လပ်အတွေးဆွေးနွေးဖလှယ်

#ဘီဘီစီမြန်မာပိုင်း

ဆက်စပ် အကြောင်းအရာများ