မေရှင်ရာပြည့် အထူးအစီအစဉ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါ်မေရှင်ကို ဘယ်သူတွေ ချစ်ခဲ့သလဲ

ခရစ္စမတ်စ်နဲ့ နှစ်သစ်ကူး ကာလ၊ ဘီဘီစီကနေ အထူးအစီအစဉ်တွေ ထုတ်လွှင့် ပေးနေပါတယ်။ ခေတ်ဟောင်း ရုပ်ရှင်မင်းသမီးကြီးလည်းဖြစ်၊ အဆိုတော်လည်းဖြစ်တဲ့ ဒေါ်မေရှင် ရာပြည့် အထိမ်းအမှတ် အနေနဲ့ သူ့ရဲ့ တေးသီချင်းတွေ၊ ရုပ်ရှင်တွေနဲ့ သူ့ဘဝအကြောင်း တစေ့တစောင်းကို နားဆင် ကြည့်ကြရအောင်ပါ။

ဆိုတော် ရုပ်ရှင် မင်းသမီး ဒေါ်မေရှင်ဟာ အခု အသက် ထင်ရှားရှိသေးရင် အသက် ၁ဝဝ တင်းတင်းပြည့်ခဲ့ပါပြီ။

ပြီးခဲ့တဲ့ မတ်လ ၁ဝ ရက်က သူ့မွေးနေ့ ရာပြည့်ခဲ့တာပါ။

အမေ့ခံရသလား မေရှင်

သူ့ရာပြည့်ကို အထူးတလည် မကျင်းပခဲ့ရပေမယ့် သူ့သီချင်းတွေနဲ့ ရုပ်ရှင်တွေကိုတော့ လူတွေက ကြိုက်နေကြဆဲ ဖြစ်ပါတယ်။

သူ့ဘဝမှာ ရုပ်ရှင် များများ မရိုက်ခဲ့ပေမယ့် သီချင်းတွေတော့ အများကြီး ဆိုခဲ့ပါတယ်။

ရုပ်ရှင် ၁၄ ကားသာ ရိုက်ခဲ့ပေမယ့် သီချင်း တရာလောက် ဆိုခဲ့တယ်လို့ သိရပါတယ်။ ကိုဘိုဘို စီစဉ် တင်ဆက် ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ