san shar
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စုံထောက် မောင်စံရှား ရာပြည့်

စာရေးဆရာကြီး ရွှေဥဒေါင်းဟာ မြန်မာနိုင်ငံမှာ ဝတ္ထုတို ရေးနည်းကို စပြီး မိတ်ဆက်ပေးခဲ့သူတယောက်လို့ လူသိများပါတယ်။

သူ့ရဲ့ ရတနာပုံ၊ ရူပနန္ဒီ စတဲ့ ဝတ္ထုရှည်တွေဟာလည်း အနောက်တိုင်း ပုံစံ ဝတ္ထု ပေါ်ကာစခေတ်က မြန်မာနိုင်ငံမှာ အထူး ထင်ရှားခဲ့သလို ခုထိလည်း အကြိမ်ကြိမ် ပြန်ပြီး ရိုက်နှက် နေရပါတယ်။

ဒီထဲက ရွှေဥဒေါင်းနဲ့ တွဲပြီး လူအသိဆုံး စာပေ လက်ရာက စုံထောက် ဦးစံရှား ဝတ္ထုတွေပါ။

၁၉၁၇ ဧပြီလ သူရိယ မဂ္ဂဇင်း ကစပြီး ဒီဝတ္ထုတွေကို ရွှေဥဒေါင်းက စတင် ပြန်ဆို မှီငြမ်းခဲ့တာမို့ ဒီနှစ်မှာ ဦးစံရှားရဲ့ သက်တမ်းက အနှစ် တရာ ပြည့်ခဲ့ပါပြီ။ အပြည့်အစုံကိုတော့ ကိုဘိုဘို က စုစည်း တင်ဆက် ပေးထားပါတယ်။

ဆက်စပ် အကြောင်းအရာများ