ဘနာဇီယာ ဘူတို လုပ်ကြံခံရတာ ၁၀ နှစ်ပြည့်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘနာဇီယာ ဘူတို လုပ်ကြံခံရတာ ၁၀ နှစ်ပြည့်

ပါကစ္စတန်မှာ ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံခံခဲ့ရတာ ၁၀ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ မစ္စဘူတိုဟာ ပါကစ္စတန်ရဲ့ဝန်ကြီးချုပ်အဖြစ် သက်တမ်း ၂ ကြိမ် ထမ်းဆောင်ခဲ့ဖူးပြီး နိုင်ငံရေး လောကမှာ ဩဇာကြီးသူ တဦးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၇ ဒီဇင်ဘာလ ၂၇ ရက်မှာ သူလုပ်ကြံခံခဲ့ရပြီးနောက် နိုင်ငံတကာ ကပါ ပါဝင်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့သလို ဖမ်းဆီးမှုတွေလည်း တော်တော်ရှိခဲ့ပါတယ်။ နောက်ပြီး ဘယ်လို ဘယ်အကြောင်း ကြောင့် လုပ်ကြံခဲ့တယ်ဆိုတဲ့ မှန်းဆချက်တွေကလည်း အမျိုးစုံထွက်ခဲ့တာပါ။ ဒါပေမယ့် ခုထက်ထိ ဘယ်သူ့ကိုမှ ဒီကိစ္စနဲ့ပတ်သက်လို့ စွဲချက်တင်နိုင်ခြင်း မရှိသေးပါဘူး။

အရင် ပါကစ္စတန်ရဲ့ စစ်ခေါင်းဆောင် တဦးဖြစ်တဲ့ ပါဗက်ဇ် မူရှာရတ်ဖ်ကတော့ နောက်ကွယ်မှာ နိုင်ငံတော်အဆင့်အထိ ပါဝင် ပတ်သက်မှုတွေရှိနိုင်တယ်လို့ ဘီဘီစီနဲ့တွေ့ဆုံရာမှာပြောခဲ့ပါတယ်။ ဘီဘီစီသတင်းထောက် အိုဝင်ဘန်းနက်ဂျုံးစ်ရဲ့သတင်းကို ဦးဘမော်က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ