မြောက်ကိုရီးယားရဲ့ နျူကလီယား ရည်မှန်းချက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြောက်ကိုရီးယားရဲ့ နျူကလီယား ရည်မှန်းချက်

ပြီးခဲ့တဲ့ လ အတွင်း နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေကို မလိုက်နာဘဲ မြောက်ကိုရီးယားကို ရေနံပို့ပေးနေတဲ့ ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ သင်္ဘောတစင်းကို ဖမ်းမိခဲ့တယ်လို့တောင်ကိုရီးယားက ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က တရုတ်ဟာ မြောက်ကိုရီးယားဆီကို ရေနံတွေ ပို့ပေးနေတာကို ခွင့်ပြုထားတယ်လို့ ပြောခဲ့တဲ့အပေါ်မှာ တရုတ်က ငြင်းဆိုပြီးနောက်မှာပဲ ဒီသတင်းထွက်လာခဲ့တာဖြစ်ပါတယ်။

မစ္စတာထရမ့်ကတော့တရုတ်မှာ ဒီလိုမြောက်ကိုရီးယား သင်္ဘောတွေဆီ ရေနံတွေပြောင်းတင်နေတာကို လက်ပူးလက်ကျပ် မိတာလို့ တွစ်တာမှာရေးခဲ့ပါတယ်။ တရုတ်ကတော့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို လိုက်နာနေကြောင်း ပြီးခဲ့တဲ့ သတင်းပတ်အတွင်းကပဲ ဓာတ်ဆီတင်ပို့နေမှုတွေကို လျှော့ချခဲ့တဲ့အကြောင်းပြောပါတယ်။

ပြုံးယမ်းရဲ့ ဒုံးကျည်စမ်းသပ်နေမှုတွေကို ရပ်သွားစေဖို့အတွက် အခုလို ပိတ်ဆို့အရေးယူမှုတွေကို လုပ်နေတာလည်းဖြစ်ပါတယ်။ ဒီလို ပိတ်ဆို့မှုတွေ ရှိနေတဲ့ကြားမှာပဲ မြောက်ကိုရီးယားကလည်း သူတို့ရဲ့ ရည်မှန်းချက်တွေကို ဆက်ပြီး အကောင်အထည် ဖော်နေပြန်တော့ လာမယ့် ၂၀၁၈ အတွင်း သူတို့ရဲ့နျူကလီးယား ရည်မှန်းချက်တွေ ဘယ်အတိုင်းအတာထိ ဖြစ်လာနိုင်မလဲ။

ကိုအောင်သွင်က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ