လွတ်လပ်ရေး အကြို သပြေညို
လွတ်လပ်ရေး အကြို သပြေညို
မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် ၁၀ နှစ် တိတိ အလိုဖြစ်တဲ့ ၁၉၃၈ ဇန်နဝါရီ ၄ ရက်နေ့က လွတ်လပ်ရေးအတွက် မျှော်မှန်းပြီး ရေးဖွဲ့ထားတဲ့ သပြေညို ဆိုတဲ့ ကဗျာတစ်ပုဒ် ပေါ်ထွက်ခဲ့ပါတယ်။ ဒီကဗျာဟာလည်း ၂၀၁၈ ဇန်နဝါရီ ၄ ရက်မှာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၈၀ ပြည့်ပြီ ဖြစ်ပါတယ်။
ကဗျာကို ရေးသားခဲ့တဲ့ စာဆိုကတော့ တခြားသူ မဟုတ်ပါဘူး။ သမ္မတကြီး ဦးထင်ကျော်ရဲ့ မွေးသဖခင် ဆရာကြီး မင်းသုဝဏ်ပဲဖြစ်ပါတယ်။
အဲဒီကဗျာလေးကို ဘယ်လို ခံစား ဘယ်လို ရေးဖြစ်ခဲ့တာလဲ ဆိုတာကိုတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ သမီး ဒေါ်ထားချို (ခေါ်) ဆရာမ နှင်းသုဝဏ်က ပြောပြထားတာကို ရှုစားနိုင်ကြပါတယ်။
ဒီအစီအစဉ်မှာ ဆရာကြီး မင်းသုဝဏ် မကွယ်လွန်မီက ဘီဘီစီကို ဒီကဗျာ ရွတ်ပြခဲ့တာကိုလည်း ပြန်လည် နားဆင်နိုင်ကြမှာ ဖြစ်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #သပြေညို #ကဗျာ #မင်းသုဝဏ်