ကျားမ လစာ ကွာလို့ ဘီဘီစီ တရုတ်အယ်ဒီတာထွက်

ကျားမ လစာ ကွာလို့ ဘီဘီစီ တရုတ်အယ်ဒီတာထွက်

ဘီဘီစီရဲ့ အကြီးတန်း သတင်းထောက်နဲ့ အစီအစဉ်တင်ဆက်သူ ကယ်ရီဂရေစီဟာ ဘီဘီစီ လျှို့ဝှက်ပြီး တရားမဝင်တဲ့ လခ ပေးတာ မျိုးတွေရှိနေတယ်လို့ စွပ်စွဲပြီး သူ့ရဲ့ တရုတ်ဘာသာ အယ်ဒီတာ တာဝန်ကနေလည်း နုတ်ထွက် သွားခဲ့ပါတယ်။

သူက အမျိုးသား ဝန်ထမ်းတွေနဲ့ အမျိုးသမီး ဝန်ထမ်းတွေအကြား ဖုံးကွယ်လို့ မရနိုင်လောက်အောင် လစာ ကွာဟမှုရှိနေတယ် လို့လည်း ဆိုပါတယ်။

အဲဒီလို နုတ်ထွက်တဲ့ အကြောင်း သူ့ရဲ့ အိပ်ဖွင့်ပေးစာထဲမှာ ဘီဘီစီဟာ ကျား၊ မ ညီမျှမှု ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ထားတယ်လို့လည်း ဆိုထားပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။