မာလာဝီက ဒရုံးသုံးပြီး ကျန်းမာရေး စောင့်ရှောက်မှု

မာလာဝီက ဒရုံးသုံးပြီး ကျန်းမာရေး စောင့်ရှောက်မှု

ဒရုံးလို့ခေါ်တဲ့ မောင်းသူမဲ့ လေယာဉ်တွေကို တချို့က ဝါသနာနဲ့ အပျော်သဘော သုံးကြသလို တချို့နေရာတွေမှာတော့ စစ်ရေး အတွက် သုံးစွဲကြပြန်ပါတယ်။ အာဖရိကတိုက်မှာတော့ ဒရုံး တွေကို တမျိုးတဖုံ အကျိုးရှိအောင်သုံးစွဲ နေပါတယ်။ အဲဒါကတော့ ဒရုံးကို သုံးပြီး ဆေးဝါးတွေကို လိုအပ်တဲ့ နေရာတွေဆီ ရောက်အောင် ပို့ပေးတာပဲဖြစ်ပါတယ်။ အာဖရိကတောင်ပိုင်းက မာလာဝီနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာ ဒရုံးကိုဘယ်လို သုံးစွဲနေသလဲ ဆိုတာ ရှုစားရအေင်ပါ။