ဗြိတိန်က စွန့်ပစ် ပစ္စည်း ပြဿနာ
ဗြိတိန်က စွန့်ပစ် ပစ္စည်း ပြဿနာ
တရုတ် က သူ့နိုင်ငံထဲကို စွန့်ပစ်ပစ္စည်းတင်သွင်းမှုတွေကို ကန့်သတ်လိုက်တာကြောင့် ယူကေလို တိုင်းပြည်တွေက ပလပ်စတစ် စွန့်ပစ်ပစ္စည်းတွေ တရုတ်ကို တင်ပို့လို့ ရနိုင်တော့မှာမဟုတ်ပါဘူး။ ယူကေဟာ အရင်က စွန့်ပစ်ပစ္စည်း တွေရဲ့ ထက်ဝက်နီးပါးကို တရုတ်ကို တင်ပို့ နေခဲ့တာဖြစ်လို့အခု အဲဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကလည်း ယူကေရဲ့ စွန့်ပစ်ပစ္စည်း ပြန်လည် အသုံးပြုရေးအပေါ်မှာဖိအားတွေ တိုးလာခဲ့ပါတယ်။ ဆိုတော့ ယူကေရဲ့စွန့်ပစ် ပလပ်စတစ် ပစ္စည်းတွေကို ဘယ်လို ရှင်းလင်းကြမလဲ ကိုထက်အောင်က ပြောပြမှာပါ။