ရိုက်တာ သတင်းထောက်တွေကို စွဲချက်တင်
ရိုက်တာ သတင်းထောက်တွေကို စွဲချက်တင်
ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ယောက်ကို အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ ရုံးတင် တရားစွဲဆို လိုက်ပါတယ်။
အင်းစိန်မြို့နယ်မှာရှိတဲ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး မှာ ဒီနေ့ မနက်ပိုင်းက သတင်းထောက် ကိုဝလုံး (ခေါ်) ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင် တို့ ၂ ယောက်ကို အစိုးရရှေ့နေတွေက တရားဝင် စွဲချက်တင်ခဲ့တာကို ရုံးတော်က လက်ခံခဲ့ပါတယ်။ သတင်းထောက်တွေအတွက် သူတို့ ရှေ့နေတွေဘက်ကလည်း အာမခံ လျောက်ခဲ့ပါတယ်။ ဒီအကြောင်းကို ကိုယ်တိုင်သတင်းယူခဲ့တဲ့ ဘီဘီစီသတင်းထောက် ကိုလပြည့်ကိုက ပြောပြမှာပါ။

ဗီဒီယို, ဖမ်းဆီးခံသားအတွက် မိခင်ရဲ့ သောက, ကြာမြင့်ချိန် 0,59
ရိုက်တာ သတင်းထောက် ကိုကျော်စိုးဦးရဲ့ မိခင် တောင်းဆိုချက်