တောင်နဲ့မြောက်ကိုရီးယား စစ်ရေး ကိစ္စ ဆွေးနွေးမယ်

တောင်နဲ့မြောက်ကိုရီးယား စစ်ရေး ကိစ္စ ဆွေးနွေးမယ်

တောင်ကိုရီးယား နဲ့မြောက်ကိုရီးယားတို့အကြား ၂ နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြအပြီးမှာ နယ်စပ်တလျှောက် တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး စစ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေကို ဆက်လုပ်သွားဖို့ သဘောတူခဲ့ကြပါတယ်။

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း ကလည်း ကိုရီးယား ကျွန်းဆွယ် အတွင်း နျူကလီးယား ကင်းရှင်းမှာသာ ကာလရှည်ကြာတဲ့ ငြိမ်းချမ်းမှုကို ရနိုင်မယ်လို့ ပြောပါတယ်။ နောက်ပြီး ဒီလို ဆွေးနွေးမှုတွေ ဖြစ်လာစေခဲ့တဲ့ အထဲမှာ အမေရိကန်သမ္မတ ထရမ့်ရဲ့အခန်းကဏ္ဍကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။ ကို ဘိုဘိုက ပြောပြမှာပါ။