အဓမ္မပြုသတ်ခံရတဲ့ ၆ နှစ် သမီးငယ်

ပါကစ္စတန်နိုင်ငံ ကာဆွာမြို့မှာ ၆ နှစ် သမီးငယ်လေး တယောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့ အဖြစ်ကြောင့် ဒေသခံ လူထုဟာ ရဲတပ်ဖွဲ့ကို ဒေါသတကြီးနဲ့ တရားခံကို ဖမ်းပေးဖို့ တောင်းဆိုနေကြပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့ ကလေးငယ် ဇက်နစ်ပ်ကို အမျိုးသားတယောက်က ခေါ်သွားတဲ့ မြင်ကွင်းကို လုံခြုံရေးကင်မရာ မှတ်တမ်းထဲမှာ ဖမ်းမိခဲ့ပေမယ့် အဓမ္မပြုကျင့် လူသတ်ခဲ့သူကတော့ လွတ်မြောက်နေဆဲပါ။ ရုပ်သံမှာ အပြည့်အစုံ ကြည့်နိုင်ပါတယ်။