aa
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

နားဆင်နိုင်ပါပြီ။ ဝန်ကြီးတွေ နုတ်ထွက်မှု အကြောင်း ဆွေးနွေးခဲ့

ဦးဆောင်ဆွေးနွေးသူများ - မုံရွာအောင်ရှင်၊ ကိုအောင်သူငြိမ်း...

မုံရွာအောင်ရှင် (…လူငယ်ဖြစ်ရမယ်… အမျိုးသမီး ဖြစ်ရမယ်…. တိုင်းရင်းသား ဖြစ်ရမယ်…အုပ်ချုပ်မှု စီမံခန့်ခွဲမှု တတ်တဲ့ ပညာတတ်ဖြစ်ရမယ်….)

ကိုရဲကျော်စိုး (…..ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေကို လူတွေ့လေးတောင် ခေါ်မတွေ့သွားဘူး ခင်ဗျ….)

ကိုအောင်သူငြိမ်း (…အခုက ဘယ်သူက အပြစ်ရှိမှန်း မသိဘူး…ဘယ်သူက ဘယ်လို ဖြစ်မှန်းမသိဘူး…နုတ်ထွက်ခွင့်ပြုလိုက်သည် ကြီးပဲ သိနေရတယ်…..)

အန်အဲလ်ဒီ အစိုးရဟာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တိုင်းဒေသကြီး တချို့က ဝန်ကြီး တချို့ကို နုတ်ထွက်ခွင့် ပြုတာတွေဟာ အဓိက အကြောင်း ကတော့ ဝန်ကြီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ အရည်အချင်း တွေ အားနည်း တာကြောင့်လို့ ဆိုပါတယ်။

ဝန်ကြီးတွေကို စတင် ရွေးချယ်တုန်းက ဘယ်လို စိစစ် ရွေးချယ်မှုတွေ လုပ်ခဲ့ပါလဲ။

အခု အစားထိုး အသစ် ခန့်အပ်တဲ့ အခါမှာရော - ဘယ်လို လူမျိုးတွေကို ဘယ်လိုပုံစံ ရွးချယ် ခန့်အပ် သင့် တယ်ဆိုတဲ့ အကြောင်း.....

သောတရှင်တို့ ကိုယ်တိုင် ပါဝင်ဆွေးနွေးထားပါတယ်။

ကိုသက်ထွေးနိုင် တင်ဆက်ပေးထားပါတယ်။

#လွတ်လပ်အတွေး

#ဘီဘီစီမြန်မာပိုင်း

ဆက်စပ် အကြောင်းအရာများ