အာရပ်နွေဦး ၇ နှစ်အလွန် တူနီးရှား

အာရပ်နွေဦး ၇ နှစ်အလွန် တူနီးရှား

တူနီရှားမှာ အစိုးရရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၈၀၀ ကျော်အဖမ်းခံခဲ့ရပြီးနောက်မှာ အစိုးရက လူမှုနေထိုင်မှု ပုံစံ ပြောင်းလဲရေး တွေလုပ်ဖို့ ကြေညာခဲ့ပါတယ်။

ဒီလ အစောပိုင်းက စခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ အရင် သမ္မတဟောင်း

ဇီးန် အဲလ် အာဘီဒီန်း အစိုးရကို ဖြုတ်ချခဲ့တဲ့ အာရပ်နွေဦးတော်လှန်ရေး စခဲ့တဲ့ ၇နှစ် ပြည့်တဲ့ကာလနဲ့လည်းတိုက်ဆိုင်နေပါတယ်။ တူနီးရှား ပြည်သူတွေကတော့ ခုထက်ထိ သူတို့ လူနေမှု ဘဝတွေ မတိုးတက်သေးဘူးလို့ ဆိုကြပါတယ်။ ကိုသက်ထွေးနိုင်က ပြောပြမှာပါ။