အလက်ပိုကို မြို့ခံတွေပြန်လာကြ

အလက်ပိုကို မြို့ခံတွေပြန်လာကြ

ဆီးရီးယား မြောက်ပိုင်းက သူပုန်တွေ လက်မှာ ကျန်နေတဲ့ နောက်ဆုံးပြည်နယ်ဖြစ်တဲ့အိလစ်ဗ်မှာ တိုက်ပွဲတွေအရှိန်မြင့်လာနေပါတယ်။ ဆီးရီးယား ပြည်တွင်းစစ်စခဲ့တာ ၈ နှစ်ထဲကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဓိက မြို့ကြီး တော်တော်များများ ကတော့သမ္မတ အာဆတ်ဒ် အစိုးရတပ်တွေရဲ့ လက်ထဲကိုပြန်ရောက်လာခဲ့ပြီဖြစ်ပြီးအဲဒီထဲမှာ အလက်ပိုမြို့လည်းပါပါတယ်။

တချိန်က ဆီးရီးယား ရဲ့စက်မှုမြို့တော်အလက်ပိုမြို့ရဲ့အရှေ့ခြမ်းကို သူပုန်တွေလက်က ပြန်ရခဲ့ပြီးနောက် အလက်ပိုမှာ တိုက်ပွဲသံတွေ ရပ်သွားခဲ့တာ ဟာတနှစ်ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ တိုက်ပွဲတွေအပြီးတနှစ်အကြာ အလက်ပိုမြို့က အခြေအနေတွေကိုရှုစားရအောင်ပါ။

မစိုးစိုးထွန်းက ဘီဘီစီ သတင်းထောက် လိစ္စဒူးဆက်ရဲ့ သတင်းကို ပြန်ပြောပြမှာပါ။