ဆီးရီးယားမြောက်ပိုင်းက ကာ့ဒ်တွေကို တူရကီ တိုက်

ဆီးရီးယားမြောက်ပိုင်းက ကာ့ဒ်တွေကို တူရကီ တိုက်

ဆီးရီးယား မြောက်ပိုင်းက ကာ့ဒ်လက်နက်ကိုင် YPG အဖွဲ့ရဲ့ပစ်မှတ်တွေကို တူရကီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့တာ ၃ ရက်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆီးရီးယားဘက်က တက်ကြွလှုပ်ရှားသူတွေ ကတော့ ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၈ ဦးသေဆုံးခဲ့ရပြီလို့ ဆိုပေမယ့် အန်ကာရာဘက်ကတော့ ဒါနဲ့ပတ်သက်လို့ငြင်းဆိုထားပါတယ်။

အခုတိုက်ခိုက်မှုတွေဟာ အဲဖ်ရင်လို့ခေါ်တဲ့ မြို့ကိုဦးတည်တိုက်ခိုက်နေတာဖြစ်ပါတယ်။ အမေရိကန်နဲ့ပြင်သစ်က ထိန်းထိန်းသိမ်းသိမ်းရှိကြဖို့ တိုက်တွန်းနေသလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း ဒီနေ့ အနှောင်းပိုင်းမှာဒီကိစ္စအတွက်ဆွေးနွေးသွားကြဖို့ရှိပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။