အမေရိကန် အစိုးရ လုပ်ငန်းတချို့ရပ်ဆိုင်းထား

အမေရိကန် အစိုးရ လုပ်ငန်းတချို့ရပ်ဆိုင်းထား

အမေရိကန်အစိုးရဟာ ပြည်ထောင်စု အစိုးရအတွက် အထူး အသုံးစရိတ် ရန်ပုံငွေ ဥပဒေတရပ်ကို အထက်လွှတ်တော်မှာ အတည်မပြုနိုင်ခဲ့တဲ့အတွက် ဌာနတချို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းထားလိုက်ရပါတယ်။အစိုးရ ဝန်ထမ်းထောင်ပေါင်းများစွာဟာ အခုသတင်းပတ်မှာအိမ်ကနေပဲ အလုပ် လုပ်ကြမှာဖြစ်ပါတယ်။ အစိုးရ ယန္တရားတွေ ရပ်ဆိုင်းထားတာ ၃ ရက် ရှိပြီဖြစ်ပြီး ဒီအတွက်လည်း အဖြေမရသေးပါဘူး။

ဒီနေ့ အနှောင်းပိုင်းမှာတော့ ဒီကိစ္စတွေ ပြီးဆုံးနိုင်ဖို့အတွက် မဲခွဲ ဆုံးဖြတ်သွားဖို့ရှိပါတယ်။ ဒါပေမယ့် လူဝင်မှု ရေးရာ မူဝါဒ ပိုင်း တွေက အဓိက ဆွေးနွေးစရာတွေ ဖြစ်နေဆဲ ပါ။

ကိုထက်အောင်က ပြောပြမှာပါ။